新居浜自動車教習所
ယာဥ်မောင်းလိုင်စင်လိုချင်သော်လည်း၊ဂျပန်စာမရသောကြောင့်ကားသင်တန်းကျောင်းမှငြင်းပယ်ခံရခြင်း၊သင်တန်းကာလအချိန်သတ်မှတ်ခံရခြင်း များရှိခဲ့သော်လည်းဤကျောင်းဆိုလျှင်သင့်အတွက်ဘာမှစိတ်ပူစရာမလိုပါ။!
Reason
ဂျပန်နိုင်ငံမှာပထမဦးဆုံးသောနိုင်ငံတကာဘာသာစကားများဖြင့်သင်ကြားနိုင်၍စကားပြန်နှင့်တကွသင်ကြားနိုင်ပြီးနိုင်ငံခြားသားများ၏ယာဥ်မောင်းလိုင်စင်ရယူနိုင်ရန်ကူညီပေးနေပါသည်။မည်သည့်နေရာမှသင်တန်းပြီးဆုံးခဲ့သည်ဖြစ်သော်လည်းမိမိနေထိုင်သောယာဥ်မောင်းလိုင်စင်ရုံးတွင်ဖြေကြားနိုင်ပါသည်။သို့ဖြစ်ပါ၍ဂျပန်နိုင်ငံ၏ဘယ်နေရာမှမဆိုလာရောက်သင်ကြားနိုင်ပါသည်။
Reason 01.
ကျွန်တော်တို့၏ယာဥ်မောင်းသင်တန်းကျောင်းသည်မိမိဘာသာစကားဖြင့်သင်ကြားနိုင်ပါသည်။မိမိတို့၏ဘာသာစကားဖြင့်စကားပြန်မှသင်ကြားရေးတွင်ကူညီပေးပါမည်။မိမိတို့နိုင်ငံ၏ဘာသာစကားမရှိပါကဆက်သွယ်မေးမြန်းနိုင်ပါသည်။
Reason 02.
သင်တန်းပြီး၍ယာဥ်မောင်းလိုင်စင်ရုံးတွင်စာမေးပွဲမဖြေခင်ဤကျောင်းမှအစမ်းစာမေးပွဲဖြင့်လေ့ကျင့်ပေးပါသည်။လိုင်စင်ရုံးတွင်အောင်မြင်နိုင်ရန်အကူအညီပေးပါသည်။အစမ်းစာမေးပွဲမလေ့ကျင့်သော်လည်းအကြမ်း ဖျင်း၃ကြိမ်ဖြေလျှင်အောင်မြင်နိုင်ပါသည်။
Reason 03.
သင်တန်းကြေးအားအကြိမ်၃၆ကြိမ်ခွဲ၍ပေးချေနိုင်ပါသည်။လိုင်စင်ရပြီးအလုပ်ပြောင်းချင်သူများ၊မိမိလစာဖြင့်အိမ်ကိုထောက်ပံ့နေရသူများအတွက်အဆင်ပြေရန်အရစ်ကျပေးချေစနစ်ရှိပါသည်။
Guide
ကျောင်းအိပ်ဖြေသည်ဖြစ်ဖြစ်၊ပုံမှန်သင်တန်းပဲဖြစ်ဖြစ်မိမိစိတ်ကြိက်ရွေးချယ်နိုင်ပါသည်။အနည်းဆုံး၂၅ရက်ထဲနဲ့လိုင်စင်ရရန်ကြိုးစားနိုင်ပါသည်။
ယာဥ်မောင်းလိုင်စင်အမြန်လိုချင်သူများအတွက်အသင့်တော်ဆုံး
※ ကျမ်းမာမှူနှင့်စူးစိုက်နိုင်မှူကိုအလေးထား၍ မိမိသင်တန်းတက်နိုင်မည့်ရက်ကိုညှိနိူင်းနိုင်ပါသည်။
※ အစမ်းစာမေးပွဲဖြေဆိုချင်သူများသည် ၁ ရက် ၂ ရက်အချိန်ယူရမည်။
※ စာမေးပွဲများအကျအရှုံးမရှိဖြေဆိုနိုင်ပါက သင်တန်းကာလ ၃ ရက်မှ ၅ ရက်အထိလျော့နိုင်ပါသည်။
ကျောင်းအိတ်ကျောင်းစားနေ၍သင်တန်းမတက်လိုသူများအတွက်
※ ရုံးဖွင့်ရက်နှင့် ပိတ်ရက်ရှည်များအလိုက် သင်တန်းရက်အပြောင်းအလဲရှိနိုင်ပါသည်။
※ MT ဂီယာဖြင့်ဖြေချင်သူများ ၃ ရက် ထပ်ပိုသင်ရမည်။
※ အစမ်းစာမေးပွဲ ဖြေချင်သူများ ၁ ရက် ၂ ရက် ပိုသင်ရမည်။
※ စနေနေ့ သင်တန်းနားချင်သူများသည် ပုံမှန်ထက် သင်တန်းရက်ရှည်မည်။
ကျယ်ဝန်းသန့်ရှင်း၍သက်တောင့်သက်သာရှိသောနေရာဖြစ်သောကြောင့်စိတ်တည်ငြိမ်စွာသင်ကြားနိုင်ပါမည်။
ငွေကြေးသက်သာပြီးပျော်ရွှင်စွာယာဥ်မောင်းလိုင်စင်ရယူနိုင်ပါသည်။
※ 3LDK ပမာဏရှိသော (ကွန်ဒို) အဆောင်ဖြစ်ပြီး အခန်းဖော်ဖြင့် နေရပါမည်။
※မိမိ တစ်ဦးတည်း သီးသန့် နေလိုပါကအဆောင်ခ ပိုကျမည်ဖြစ်သောကြောင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
စကားပြန်ကြေးအတွက်ပိုပေးရန်မလိုပါ။သင်တန်းကြေးသည်ဂျပန်လူမျိုးများဖြင့်တန်းတူဖြစ်ပါသည်။သို့သော်နေထိုင်စားသောက်စားရိတ်သည်မိမိဘာသာအကုန်အကျခံရပါမည်။(အားလုံးပေါင်းယန်း၁သောင်း၅ထောင်ဝန်းကျင်)၊ထို့အပြင်ထမင်းဘူးယန်း၅၅၀ဖြင့်မှာကြားပေးနိုင်ပါသည်။
Price
取得したい免許 | 現在の免許 | 税込料金 |
---|---|---|
中型自動車 | 普通車 | ¥204,380 |
準中型自動車 | – | ¥428,120 |
大型特殊車 | – | ¥205,360 |
大型特殊車 | 二輪 | ¥145,120 |
大型特殊車 | 大型・準中型・普通 | ¥107,240 |
牽引自動車 | 大型・準中型・普通 | ¥158,060 |
普通自動車 (MT) (AT) | – | ¥326,130(MT) / ¥308,640(AT) |
Payment
Payment 01.
လက်ငင်းပေးချေခြင်း၊ကဒ်ဖြင့်ပေးချေနိုင်ခြင်းအပြင်Pay Pay စနစ်ဖြင့်လည်းပေးချေနိုင်ပါသည်။
Payment 02.
ယခုလက်ရှိငွေကြေးအခက်အခဲရှိနေသောမိတ်ဆွေများစိတ်မပူပါနဲ့၊ကားလိုင်စင်ရှိမည်ဆိုလျှင်လစာပိုရမှာဖြစ်သောကြောင့်နှမြောစရာကောင်းပါတယ်။အရစ်ကျစနစ်ဖြင့်ပေးချေနိုင်ပါသည်။အင်တာနက်မှလျှောက်လွှာတင်လျှင်(အရစ်ကျစနစ်ဖြင့်ပေးချေရန်)နေရာတွင်အမှန်ထည့်ပါ။
တယ်လီဖုန်းမှဆက်သွယ်လျှင်ဂျပန်ဘာသာဖြင့်သာဖြေကြားနိုင်သောကြောင့်အင်တာနက်မှသာဆက်သွယ်ပေးပါ။ထို့အပြင်ဖေ့စဘွတ်မက်ဆေ့မှမိမိဘာသာစကားဖြင့်မေးပို့ဆက်သွယ်နိုင်ပါသည်။အော်ပရေတာမှပြန်လည်ဆက်သွယ်မည်ဖြစ်သောကြောင့်မေးမြန်နိုင်ပါသည်။